ကလေးမြို့တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကလေး စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် ၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နချုပ် (ကလေး)၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နချုပ် (ကလေး) မှ ဒေသကွပ်ကဲရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် ဇနီးများ၊ ကလေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ကြပြီး ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများကိုယ်စား အ.ထ.က (၃) မှ လူရည်ချွန် (၃) ထပ်ကွင်းဆုရ ကျောင်းသူ (၁) ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ကလေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနများဖြစ်သည့် အမှတ် (၁) ၊ အမှတ် (၃) နှင့် အင်ဒိုင်းကြီးအခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ရာ (၆) ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၉) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၁၃၀) ဦးရှိရာ ဂုဏ်ထူးဖြင့်အောင်မြင်သူ စုစုပေါင်း (၁၆၆) ဦး ရှိကြောင်း သိရသည်။

အဆ်ုပါအခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နချုပ် (ကလေး) မှ ဒေသကွပ်ကဲရေးမှူး၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် ဇနီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)