သတင်းများ

မိုးနဲမြို့နယ်၌ အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ (၅)ရက်မြောက်နေ့ ဆက်လက်ကျင်းပ
Sep 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးနဲမြို့နယ်အားကစားနှင့် ကာယပညာဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသား/သမီး ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်လျက်ရှိကြောင်းသိရသည်။
ရပ်စောက်တွင် မြို့နယ်ဂုဏ်ဆောင် နိုင်ငံတော်အဆင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်အား ဂုဏ်ပြုကြိုဆို
Sep 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း၊) ရပ်စောက်မြို့နယ်၌ လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နိုင်ငံတော်အဆင့်လူရည်ချွန် အမှတ်(၁) အခြေခံပညာအထက်တန်းကေကျောင်း၊ ဗထူး Grade-12 မောင်မင်းခန့်နိုင်အား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဖြင့် မဲပေးနည်း လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်နားကျေးရွာအုပ်စု နမ့်စပြေကျေးရွာခန်းမနေရာ၌ ယနေ့နံနက်ပိုင်းက မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်ဖြင့် မဲပေးနည်းလက်တွေ့သရုပ်ပြခြင်းနှင့် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ၂၀၂၅ခုနှစ် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ
Sep 02,2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက နိုင်ငံတကာစာတက်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့နယ်တွင် တောင်သူများကို မျိုးစေ့၊ မြေဩဇာ ထောက်ပံ့ပေးအပ်၍ တောင်သူပညာပေး ကွင်းသရုပ်ပြသ
Sep 02,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူများကို မျိုးစေ့၊ မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာအနီးရှိ နမ့်စန်စိုက်ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် စိုက်ခင်းရှေ့တွင် ကျင်းပခဲ့သည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် "Beyond Books: The Transformative  Power of Modern Libraries in Society, Education, and the Digital Age" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Sep 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စာအုပ်များအပြင် လူ့အသိုင်းအဝိုင်း၊ ပညာရေးနှင့် ဒီဂျစ်တယ်ခေတ်တွင် ခေတ်မီစာကြည့်တိုက်များ၏ပြောင်းလဲနိုင်စွမ်း "Beyond Books: The Transformative Power of Modern Libraries in Society, Education, and the Digital Age" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ၌ မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ အမှတ် (၅) ဓမ္မာရုံတွင် စက်တင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီခွဲက ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Sep 02,2025
ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၂) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲက ကြက်တည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။