သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ.ထ.က (၂၉) ကျောင်းတွင် အားကစားဆိုင်ရာ မြို့နယ်အဆင့်လူရွေးပွဲ ကျင်းပ
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အ.ထ.က (၂၉) ကျောင်းတွင် အားကစားဆိုင်ရာ မြို့နယ်အဆင့်လူရွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဖောင်းပြင်မြို့၌ ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေ
Sep 02,2025
ဖောင်းပြင်မြို့၌ ဒေသထွက်ဝက်အစာဖွဲနှင့် ဆန်ကွဲဈေးနှုန်းချိုသာပြီး ဝက်သားဈေးကောင်းသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း မွေးမြူရေးလုပ်ကိုင်သူ ဦးမြင့်ဆွေထံမှသိ ရသည်။
ကြံခင်းမြို့နယ်တွင် ရေဆင်း-၂ မြေပဲစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာအုပ်စုတွင် ကြံခင်းမြို့နယ်သမဝါယမဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ရေဆင်း-၂ မြေပဲစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဖျာပုံခရိုင်အတွင်းစားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေးဆွေးနွေး
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများသည် စားအုန်းဆီများ သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချစေရေးအတွက် ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ (၁) ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် သံပယိုအပင်များ သီးအားကောင်းပြီး စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများသည့်အတွက် ဆန်စပါးကိုအဓိထားစိုက်ပျိုးကြပြီး ကိုင်း၊ ကျွန်းမြေများ၌လည်း ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံမျိုးစုံ စိုက်ပျိုးကြရာ တံတားလည်ရပ်ကွက်တွင် စိုက်ပျိုးထားသော သံပယိုအပင်များ သီးအားကောင်းပြီး နေ့စဉ်ခူးဆွတ်၍ ရောင်းချခြင်းဖြင့် သံပုယိုစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသခံများ MEVM အကြောင်း ရှင်းလင်းပြသနေမှုနှင့် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးနေမှုများအား သွားရောက်ကြည့်ရှု
Sep 02,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပပြုလုပ်သည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တောင်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ရှင်းလင်းပြ သခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ သရုပ်ပြသပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဂန့်ဂေါတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး
Sep 02,2025
ဂန့်ဂေါမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှစတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှအသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသ
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌  ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။