သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးပုံအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင် ရွက်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းအသိပညာပေးလုပ်ငန်းကို ရပ်ကွက်အလိုက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်‌နေ့ နံနက် ၉ နာရီက အမှတ်(၁၆)ရပ်ကွက်၊ အောင်သိဒ္ဓိဆွမ်းလောင်းဓမ္မာရုံနှင့် အမှတ်(၂၈)ရပ်ကွက် ချမ်းမြေ့ဓမ္မာရုံတို့တွင် နံနက် ၉ နာရီနှင့် နေ့လယ်  ၁ နာရီတို့တွင် နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး မကွေးမြို့နယ် မကျီးကန်ကျေးရွာအုပ်စု ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Sep 03,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးအတွက် မကွေးမြို့နယ် မကျီးကန်ကျေးရွာအုပ်စု  ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက မကျီးကန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး
Sep 03,2025
ရန်ကုန်တိုင်း​သေကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေပြည်များအား ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့်အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းအတွက် ကုသိုလ်ပြုအလှူတော် ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
Sep 03,2025
သဲဖြူနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဦးအောင်မြတ် Mother Group Of Companies မှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသခြင်းအတွက်  ကုသိုလ်ပြုအလှူတော်ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ သဲဖြူနှင့် မဟာမြိုင်တောရ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ကျန်မာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဘားအံမြို့၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅) ကျင်းပ
Sep 03,2025
ဘားအံမြို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ရွေးကော်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅)အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေးခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့မှ လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေးခရိုင်နှင့်မင်္ဂလာဒုံခရိုင်တို့မှ လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သတ် မှတ်နေရာအသီးသီးတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ (၉/၂၀၂၅)လ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 03,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် (၉/၂၀၂၅)လ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီ အချိန်က အမှတ်(၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းမရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။