သတင်းများ

ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး မြန်အောင်မြိုနယ်အတွင်းရှိ မြေပဲစိုက် သမဝါယမအသင်းသားတောင်သူများ၏ စိုက်ပျိုးအောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေး
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် ယ‌နေ့နံနက်က မြန်အောင်မြို့နယ်အတွင်းရှိ မြေပဲစိုက်သမဝါယမအသင်းသား တောင်သူများ မြေပဲစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရန်ကင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်
Sep 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မီးသတ်ဦးစီးမှူးရုံး သင်တန်းခန်းမတွင် စက်တင်ဘာ ၁ ရက်နေ့ နံနက်(၈:၃၀)အချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့၌ တပ်နယ်မှူးဒိုင်း အမျိုးသားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲခြင်းပြုလုပ်
Sep 02,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တပ်နယ်တို့မှ ပူး‌ပေါင်းကြီးမှူးကျင်းပမည့် တပ်နယ်မှူးဒိုင်း အမျိုးသားအလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲခြင်းကို ယနေ့မွန်းပိုင်းက  မြို့‌အားကစားကွင်း၌ ပြုလုပ်သည်။
သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Sep 02,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ နေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် အခြေခံပညာကျောင်း နှစ်ကျောင်းပြောင်းရွှေ့ထားရ
Sep 02,2025
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျမှုကြောင့် စက်တင်ဘာ ၁ရက်ကစ၍ အခြေခံပညာ စာသင်ကျောင်း နှစ်ကျောင်းကို ဘေးလွတ်ရာပြောင်းရွှေ့ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Sep 02,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၊ ခလရ(၁၈) ဧရာမင်းခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့နယ်၊ ခလရ(၁၈)ရှိ ဧရာမင်းခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပ
Sep 02,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းပေါင်းစုံ (ကိုယ်ပိုင်ကျောင်းများအပါအဝင်) အားကစားပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁ ရက်ညနေ ၄ နာရီက မြို့မအားကစားကွင်း (ဘောလုံးကွင်း) ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှားစကားပြောကြားသည်။