သတင်းများ

သန်လျင်ခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၆/၂၀၂၅)ဖွင့်လှစ်
Sep 02,2025
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၆/၂၀၂၅)ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ် ကျီတော်ကုန်းအ‌ခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂ ရက်နေ့နံနက် (၁၀) နာရီက ကျီတော်ကုန်းအ‌ခြေခံပညာမူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Sep 02,2025
ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် Book Club အဖွဲ့နှင့် Youth Club အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ၊ စာပေကိုပိုမိုချစ်မြတ် နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတပိုမိုရရှိစေရန်ရည်ရွယ်၍   စာရေးဆရာကပ္ပတိန်သာစိန်ရေးသားသည့် "ဘဝခရီးသွားလူငယ်များသို့” စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
ပုဗ္ဗသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 02,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကိုယနေ့နံနက်ပိုင်းတွင် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ချောင်းဦးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာလာသူများအား ထောက်ပံ့ငွေပေးအပ်
Sep 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အနော်ရထာခန်းမ၌ စက်တင်ဘာ ၁ ရက်နေ့ နံနက်၁၁နာရီအချိန်က လတ်တလောအကြမ်းဖက်မှု ဖြစ်စဥ်များကြောင့် ယာယီနေရပ်စွန့်ခွါလာသည့်  ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဂန့်ဂေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Sep 02,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင်ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လများအတွက် ထောက်ပံ့ငွေ(၆၀၀၀၀/-)ကျပ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော  ပီလောပီနံစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းများနှင့် စိုက်ခင်းများသို့ ဩဂုတ်လ(၃၁)ရက်နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။