သတင်းများ

ရွှေတောင်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံ့ငွေ MSMEs ထုတ်ချေးခြင်းအခမ်းအနား ကျင်းပ
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ထောက်ပံငွေ MSMEs ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 03,2025
နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ‌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌများ  တက်ရောက်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့ ဂနိုင်ကန်သာယာနှင့် ဂနိုင်ကန်လမ်း လမ်းသားတိုးချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 03,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်များနှင့်အတူ စက်တင်ဘာလ (၁)ရက်နေ့ ညနေ(၅)နာရီက တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာ(၃)အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဂနိုင်ကန်သာယာတောင်ဘက်ခြမ်းရှိ ခြံစည်းရိုးကာရံပြီးစီးမှုအခြေအနေနှင့် ကန်ပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် စမ်းသပ်မဲပေး သရုပ်ပြ
Sep 03,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ၂ရက်က တမ္ပဝတီရပ်ကွက်ရှိ ရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံ၌  ပြုလုပ်သည်။
ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 03,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွှေနံ့သာ၌လည်းကောင်း ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ပုသိမ်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး
Sep 03,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ညောင်ဦးမြို့၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်ဖြင့် မဲပေးမှုအသိပညာပေး 
Sep 03,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲက ကုန်းတန်းကြီးအုပ်စုရှိ  နယ်မြေခံခြေမြန်တပ်ရင်းခန်းမ၌ လက်တွေ့စမ်းသပ် မဲပေးခြင်းဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်းအခမ်းအနားတက်ရောက်၊ မိုးစပါးအား ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနေမှု ကြည့်ရှုအားပေး
Sep 03,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့က ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် မိုးစပါးစိုက်ပျိုးတောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်းအခမ်းအနားကို  တက်ရောက်ခဲ့သည်။