သတင်းများ

ကျောက်တံတားခရိုင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း  မြညီလာခန်းမတွင် ကျင်းပခဲ့သည်။
တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရန်ကုန်ပေါက်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံ
Sep 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံတွင် မြို့ပေါ်(၈)ရပ်ကွက်မှ မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အက်တမ်မြန်မာလိမိတက်မှ ICT Lab လှူဒါန်းပေးအပ်ခြင်းအခမ်းအနား တက်ရောက်
Sep 03,2025
‌မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အက်တမ်မြန်မာလိမိတက်မှ ICT Lab လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ငန်းတေးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ငန်းတေး)ကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့် ATOM Myanmar Limtied မှ စီမံအုပ်ချုပ်မှု အဖွဲ့ဝင်တို့က ICT Lab အခန်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဘိုကလေးမြို့နယ်တွင်  ပန်းခင်းစီမံချက်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်
Sep 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခုနှစ် ဩဂုတ်လမှစတင်၍ ယနေ့အထိ စဉ်ဆက်မပြတ်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးလျက်ရှိသည်။
လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နာယကဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်နာယကဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ( အလွတ်တန်း) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲကျင်းပ
Sep 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဉီးပြုံးချိုလမ်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်(၁၀)နာရီက ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မရမ်းကုန်းခရိုင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မြေပြင်ကွင်းဆင်းညှိနှိုင်းဆောင်ရွက်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းညှိနှိုင်းခြင်း ဆောင်ရွက်ခဲ့ကြသည်။