ကျောက်တံတားခရိုင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

လသာ စက်တင်ဘာလ ၃  

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း  မြညီလာခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ အ.ထ.က(၁)ဒဂုံမှ ကျောင်းသား၊ ကျောင်းသူများက " ပညာရည်မွန်လူရည်ချွန်” သီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ပြီး ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးလမ်းညွှန်ချက်နှင့်အညီ အသိပညာ၊ အတတ်ပညာ၊ ဗဟု သုတနှင့်ပြည့်စုံသော လူတော်လူကောင်းများပေါ်ထွန်းရေး ပညာရေးကဏ္ဍမှမွေးထုတ်ပေးရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးဒေါ်ညွှန့်ညွှန့်အေးက ဂုဏ်ပြုဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌​လေးဘာသာ၊ ​သုံးဘာသာ၊ နှစ်ဘာသာ တစ်ဘာသာဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဒေါ်ညွှန့်ညွှန့်အေးနှင့် မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦရန်နိုင်ဝင်းနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေအပ်ခဲ့ကြသည်။

ထို့နောက် လေးဘာသာသာဂုဏ်ထူးရှင် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အ,ထ.က(၂)လသာမှကျောင်းသူလေးများက " မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆို​ဖျော်ဖြေခဲ့ကြောင်းနှင့် ကျောက်တံတားခရိုင်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရှင်(၃၀)ဦး၊ (၃) ဘာသာ(၆၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၆၂)ဦး၊ (၁)ဘာသာ(၈၃)ဦး စုစုပေါင်း(၂၄၁)ဦးရှိကြောင်းသိရသည်။

နေလင်း(ပြန်/ဆက်)