ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "အသင့်သောက် အချိုရည်အမျိုးမျိုး" ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

ပေါင် စက်တင်ဘာ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်းတွင် "သင့်သောက်အချိုရည်အမျိုးမျိုး" ရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးကြရာ အဆိုပါစျေးကွက်အတွင်း "အသင့်သောက်အချိုရည်အမျိုးမျိုး" ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော "အသင့်သောက်အချိုရည်အမျိုးမျိုး" ရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရသည်။

မွန်လေး (ပြန်/ဆက်)