လွိုင်လင်မြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

လွိုင်လင် စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့ မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ရီရီတင့်က မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကာ မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်မန်နေဂျာ ဦးအောင်သက်ဦးမှ ငွေထုတ်ပေးမှုအပေါ် ရှင်းလင်းပြောကြားပေးခဲ့သည်။

ယင်းနောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းဝင့်ဝင့်ဆွေနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာအကြောင်းအရာများအလိုက် ဆွေးနွေးပေးခဲ့ကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ရီရီသန့်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းအား တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက်များရှိ သင်တန်းသားများအား ပို့ချပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင် )