ကော့သောင်း စက်တင်ဘာ ၃
၂၀၂၅ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ အလယ်တန်းနှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လူ့အဖွဲ့အစည်းတိုးတက်ဖို့ စာတတ်မြောက်ရေးကြိုးပမ်းစို့” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ ၁၃ ဦး၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “စာတတ်မြောက်ရေးမှသည် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးဆီသို့” ခေါင်းစဉ်ဖြင့် (၁၇)ဦး၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “စာမတတ်သူ ဖေးမကူ” ခေါင်းစဉ်ဖြင့် ၁၄ဦး၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် “အသိဉာဏ်တိုးဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ၁၁ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများမှဆုရရှိသူများအား စက်တင်ဘာ ၈ရက်တွင်ကျင်းပမည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)