ဆင်ပေါင်ဝဲ စက်တင်ဘာ ၃
နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ် အားကစားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲတွင် ဘောလုံးပွဲ၊ ပြေး/ ခုန်/ ပြစ် ပြိုင်ပွဲ၊ ကြက်တောင်ရိုက် ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို စက်တင်ဘာ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ခရိုင်အဆင့်တွင် သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)