သတင်းများ

ပေါက်ခေါင်းမြို့နယ်၊ စောကဲကျေးရွာ၌ ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မစိုးရိမ်အုပ်စု၊ စောကဲကျေးရွာမှ တောင်သူဦးဝင်းမောင်လေး၏ ချည်မျှင်ရှည်ဝါ (ရာကာ-၆၆၆) စိုက်ပျိုးထားရှိသော ဝါစိုက်ခင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လေးထောင့်ကန်(တောင်)ကျေးရွာဓမ္မာရုံတွင် ကျင်းပကြောင်း သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးရုံးတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲနိုင်ရန် တောင်သူအသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Sep 03,2025
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် စိုက်ပျိုးရေးရုံးတွင် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  ဓာတ်မြေဩဇာစနစ်တကျသုံးစွဲနိုင်ရန် တောင်သူအသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။  
ပန်းတောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့နံနက် ၉ အချိန်က အ.ထ.က (ခွဲ)ဒန့်ဒလွန်ကျောင်းနှင့် အ.မ.က(လွန်)ဒေါင်းမြတ်နားကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ် မိုးမြေပဲ ၃၅၁၅ဧက ရိတ်သိမ်းပြီး ၂၅၀၀၉၂ တင်းထွက်ရှိ
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မိုးသီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲကို ၁၅၃၄၃ ဧက စိုက်ပျိုးခဲ့ရာ ၃၅၁၅ ဧက ရိတ်သိမ်းပြီးဖြစ်၍ ၂၅၀၀၉၂ တင်းထွက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကြာကန်​ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေး
Sep 03,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ကြသည့် လူငယ်များ ရန်ကုန်မြို့တွင်းသို့ လေ့လာရေးခရီးထွက်ခွာ
Sep 03,2025
မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) သို့ တက်ရောက်ကြသည့် လူမှုရေးရာဝန်ကြီးများ ဦးဆောင်ပါဝင်သော နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လူငယ်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးထွက်ခွာကြသည်။