တန့်ယန်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်

တန့်ယန်း စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၅)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးဌာန ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများက မွေးကင်းစမှ အသက် (၅)နှစ်နှင့်အောက် ကလေးငယ်များအား စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကိုဆောင်ရွက်ပြီး အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးအား တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                                                                                

မင်းလွင်ဦး(တန့်ယန်း)