မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနားကျင်းပ

မိုင်းယန်း စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ MCCT အာဟာရ အသိပညာပေးဆင့်ပွား သင်တန်းပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါ အခမ်းအနားတွင် မိုင်းယန်းခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာဦးထင်ကျော်က အာဟာရအုပ်စု (၃)အုပ်စုအား အသိပညာပေးရှင်းလင်း ဟောပြောသည်။

ထို့နောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အာဟာရအသိပညာပေးခြင်း ဆင့်ပွားသင်တန်းပေးခြင်း ရည်ရွယ်ချက်နှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးအတွက် နေ့စဉ်စားသုံးသင့်သည့် အစားအစာများ၊ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးဆိုင်ရာ အဓိကအကြောင်း အရာများဖြင့် အသိပညာပေး သင်းတန်းပေးခြင်းနှင့် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒေါ်ခင်ဝတ်မှုံက အာဟာရ အသိပညာပေးခြင်း ဆိုင်ရာများဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး