မိုးနဲ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နန့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာရှိ ကက်သလစ်ဘုရားကျာင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်လုံခြုံရေး၊ တရာဥပဒေစိုးမိုးရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများ၊ လူဦးရေစာရင်းမှန်ကန်ရေး၊ မြို့နယ်စိမ်းလန်းစိုပြည်ရေးနှင့် သစ်ပင်စိုက်ပျိုးခြင်းမှရရှိမည့် အကျိုးကျေးဇူးများ၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ကျေးရွာမြေယာပိုင်ဆိုင်မှုဆိုင်ရာဥပဒေများ၊ မွေးမြူရေးဆိုင်ရာ ကာကွယ်ထိန်းချုပ်ကုသမှုများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ စသည်တို့ကို သက်ဆိုင်ရာဌာနတာဝန်ခံများက ကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)