ဖြူး စက်တင်ဘာ ၃
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မရဲစခန်းမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကွမ်းဆေးလိပ်မှအစ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရေးအတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁) ရက်၊ မွန်းလွဲ(၁)နာရီအချိန်က အ.ထ.က(၁)ကျောင်း ရာပြည့်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိူးဖြူက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးခန့်အား ဖြူးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်လင်း၊ ဒုတိယရဲအုပ် ကျော်ကျော်လှိုင်တို့က မူးယစ်ဆေးဝါးအန္တရာယ်ဆိုးကျိုးများအကြောင်းနှင့် Online ငွေကြေးလိမ်လည်မှု ဖြစ်စဥ်များအကြောင်းကို အသိပညာပေးဟောပြောကြသည်။
ဆက်လက်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေး Video CLIP နှင့် ငွေကြေးလိမ်လည်မှုကို ပြန်လည်တုံ့ပြန်သည့် Video Clip များကို ဆင့်ပွားအသိပညာပေးအစီအစဥ်တစ်ရပ်အနေဖြင့် ပြသရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)