သတင်းများ

မန္တလေးမြို့ မူဆယ်လူမှုကူညီရေးအသင်း စုပေါင်းဘုံဆွမ်းလောင်းလှူ
Sep 06,2025
မန္တလေးချမ်းအေးသာစံမြို့နယ်၊လမ်း(၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၆ရက် နံနက် ၆ နာရီကပြုလုပ်သည်။
နန်းယွန်းမြို့တွင် ဌာနဆိုင်ရာ၀န်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 06,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဌာနဆိုင်ရာ ၀န်ထမ်းများက အပတ်စဥ်တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီက အခြေခံပညာအထက်တန်းကျောင်းဝန်း၌   ဆောင်ရွက်သည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး 
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ ဆန္ဒမဲပေးနိုင်စေရေး  ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများထံအရောက် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက  အမှတ်(၈၂၊ ၈၃၊ ၉၀)ရပ်ကွက်တို့၌ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
သန်လျင်မြို့နယ် TTEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Sep 06,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့သစ် TTEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့တွင် အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Sep 06,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ  ၅ ရက်နေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀က အဆိုပါကျောင်းခန်းမတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများရရှိစေရန် EM ဘိုကာရှီ သဘာဝမြေသြဇာ (​ဗေဒါ၊မြေဆွေး) များပြုလုပ်
Sep 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများရရှိစေရန် EM ဘိုကာရှီသဘာဝမြေသြဇာ (​ဗေဒါ၊ မြေဆွေး)များ ပြုလုပ်ခြင်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ဆောင်ရန်၊ ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။