သတင်းများ

မိုင်းပျဉ်းမြို့  အ.ထ.က(ခွဲ)ကျောင်း၏ ကျောင်းကောင်စီအသင်းအလိုက် ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ အခမ်းအနားကျင်းပ
Sep 06,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအသင်းအလိုက် ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၄)ရက်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်းဘုရားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း မြို့မတောင်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ မြို့မတောင်၌ စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ၊ မူလွန် (မြို့မတောင်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဒလမြို့နယ်၌ နာရီစင်အသစ်ဆောက်လုပ်မည့်နေရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် မြေသန့်မင်္ဂလာရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ
Sep 06,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထူးခွင့်ပြုရန်ပုံငွေ ကျပ် (၂၀၀.၀၀၀) သန်းဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာ၀န်ယူတည်ဆောက်မည့် ဒလမြို့နယ်အထိမ်းအမှတ် နာရီစင်တည်ဆောက်ရန် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် မြေသန့်မင်္ဂလာရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ နံနက်  ၇ နာရီ မိနစ် ၃၀ က အောင်မင်္ဂလာရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်း၊ မိုင်တိုင်အမှတ် ၀၊ ချယ်ရီကူးတို့သင်္ဘောဆိပ်အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ်၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ငွေပေးအပ်
Sep 06,2025
ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းသို့ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပန်းဘဲတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စုတွင် မဲပေးစက်အသုံးပြုခြင်း၊ မဲပေးစက်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်
Sep 06,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ကံလှကျေးရွာတွင် Myanmar Electronic Voting Machine မဲပေးစက်အသုံးပြုခြင်းနှင့် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဆန်၊ ဆီ၊ ဆား ၊ ပဲထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး 
Sep 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၅ ရက်က    အမှတ်(၅)ကျေးရွာဓမ္မာရု ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နေပြည်‌တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြင့်ခြင်း အခမ်းအနားတက်ရောက်
Sep 06,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တဲကြီးကုန်းကျေးရွာ တောင်သူ ဦးမျိုးနိုင်ဦး၏ ကွင်းအမှတ် (၁၆၅၉) ကွင်း၌ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူဆွေးနွေးပွဲ၊ ယူရီးယားဓာတ်မြေဩဇာပေးအပ်ခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ ‌တက်ရောက်ခဲ့သည်။