သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 06,2025
စစ်ကိုင်းတိုင်းဒေသကြီး (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အကဲဖြတ်ပညာရှင်များ၊ ခရိုင်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများပြား
Sep 06,2025
တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ - ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့  ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 06,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့နယ် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၆ ရက် နံနက် ၇ နာရီခွဲက စာရေးကုန်းရပ်ကွက်၊ ရန်အောင်မြင်ကပ်ကာ စေတီတော်မြတ်ကြီး ဝင်းအတွင်း၌ ပြလုပ်ခဲ့သည်။
ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၌ Product Show and Job Fair (2025) အခမ်းအနား ကျင်းပ
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့ ကြီးမှူးကျင်းပသည့် Product Show and Job Fair (2025) အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ စုဝေးခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ မီမီခင်နှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သတင်းအချက်အလက် နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 06,2025
(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇေယျာသီရိခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၅)တက်ရောက်
Sep 06,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၇/၂၀၂၅)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရာခရိုင်/ယင်းမာပင်ခရိုင်/ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
သန်လျင်မြို့နယ်၌ သုဓမ္မာနိကာယဝိနည်းစာပြန်ပွဲကျင်းပရေး ညှိနှိုင်းဆွေးနွေး
Sep 06,2025
ရန်ကုန်တောင်ပိုင်းခရိုင် ဝိနည်းစာပြန်ပွဲတော်ကြီးကို ခရိုင်အတွင်းရှိ မြို့နယ်များအလှည့်ကျ ကျင်းပလာခဲ့ရာ ယခုနှစ်တွင် နဝမအကြိမ်မြောက်အဖြစ် သန်လျင်မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်သည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ​မြို့နယ်အဆင့်စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ
Sep 06,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) တွင် ကျင်းပခဲ့သည်။