မူဆယ်မြို့တွင် အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

မူဆယ် စက်တင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ အ.ထ.က (၂) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ  ၅ ရက်နေ့မွန်းလွဲ ၁ နာရီ မိနစ် ၃၀က အဆိုပါကျောင်းခန်းမတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းကျော်ဌေးက မြန်မာနိုင်ငံတွင် ကျရောက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များထဲမှ မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး၊ ဆူနာမီဘေးများအကြောင်းကို သရုပ်ပြဗွီဒီယိုများဖြင့် ပြသ၍ဆွေးနွေးဟောပြောခဲ့ပြီး၊ ဦးစီးမှူး ဦးရဲလင်းအောင်က ငလျင်ဘေးအကြောင်းကို ဟောပြောရာတွင် ငလျှင်လှုပ်နေချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လက်တွေ့သရုပ်ပြ၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား မေးခွန်းများမေးမြန်းကာ ပြန်လည်ဖြေကြားနိုင်သူအား လက်ဆောင်များပေးအပ်ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)