သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်
Sep 06,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကရင်ပြည်နယ် မိခင်နှင့်လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
စေတုတ္တရာမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ
Sep 06,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့မြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က-စေတုတ္တရာကျောင်းတွင် ကျင်းပပြုလုပ်ည်။
ကျောက်ပန်းတောင်းမြို့တွင် ဝါတွင်းကာလသီတင်းပတ်တိုင်း ရပ်ကွက်ကျေးရွာများ၌ ဆွမ်းလောင်းလှူပွဲများဖြင့် စည်ကား
Sep 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးရှိ ဆွမ်းလောင်း ဓမ္မာရုံများ၌ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲများကို ဥပုသ်သီတင်းပတ်တိုင်း စည်ကားသိုက်မြိုက်စွာ လောင်းလှူကုသိုလ် ယူလျက်ရှိကြသည်။
ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
Sep 06,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို  ဆွမ်းသပိတ်လုံးလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်ကြီးရင်ပြင်တော်၌ တော်သလင်းလပြည့်နေ့ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) တွင် အစဉ်အလာမပျက် မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်
Sep 06,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) တွင် အစဉ်အလာမပျက် မွန်ရိုးရာဓလေ့ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲကို ယနေ့နံနက် (၄) နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိ ဘုရားများနှင့် ဘုန်းကြီးကျောင်းတိုင်း၌ ဘုရားရှင်အား သင်္ဘောပေါ်၌ အသီးနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုး ဆက်ကပ်လှူဒါန်းပူဇော်ခဲ့​ကြောင်း သိရသည်။
မင်းလှမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ
Sep 06,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နေ့နံနက် ၉ နာရီက မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေး
Sep 06,2025
ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ခရိုင်၊မြို့နယ်ကော်မရှင်အဖွဲခွဲများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက  ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
စမ်းချောင်းမြို့နယ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ၂၀၂၅ ခုနစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း စပယ်ခန်းမ၌ ကျင်းပသည်။