သတင်းများ

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ​မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Sep 06,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ခုနှစ်  အောက်တိုဘာလ (၅) ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)တွင် ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများ ကျင်းပ
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊  ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့က ကျိုက်ပတ်ကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Sep 06,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားကျင်းပ
Sep 06,2025
ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (၃၁)ကြိမ်မြောက် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ရွှေကျောင်းတော်(ကျောက်ပန်းတောင်းဓမ္မာရုံ)၌ ကျင်းပသည်။
ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ဆောင်ရွက်
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် အမှတ်(၃)ရပ်ကွက်ရှိ သဟပုညကာရီဆွမ်းလောင်းရုံ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့တွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 06,2025
မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ‌စေရေး၊ အညစ်အကြေးများကင်းစင်ပြီး သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် စက်တင်ဘာ ၆ ရက်နေ့ နံနက် ၇ နာရီက ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်‌ကြကြောင်း သိရသည်။
မြောင်းမြမြို့တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား တွေ့ဆုံအားပေး
Sep 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်မည့်သူများအား ယမန်နေ့နံနက်ပိုင်းက တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 06,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက်  စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ထားဝယ်သူနာပြု သင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တည်ဆောက် ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။