ကော့ကရိတ်မြို့တွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကေ့ာကရိတ် စက်တင်ဘာ ၆

မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ‌စေရေး၊ အညစ်အကြေးများကင်းစင်ပြီး သန့်ရှင်းသာယာလှပစေရေး၊ မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် စက်တင်ဘာ ၆ ရက်နေ့ နံနက် ၇ နာရီက ကော့ကရိတ်မြို့၊ ပြည်သူ့ဆေးရုံ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်‌ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံဝန်းအတွင်း စိမ်းလန်းစို‌ပြေသန့်ရှင်း‌စေရေးအတွက် သစ်ကိုင်းအခက်အလက်များ၊ ချုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းပြီး စနစ်တကျ စွန့်ပစ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)