သတင်းများ

(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း
Sep 06,2025
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဓာတ်ခွဲဌာနနှင့်သွေးလှူဘဏ်၌ ခရိုင်အခြေပြုရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းကြသည်။
မြိတ်မြို့တွင်မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး 
Sep 06,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား  မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက်ပိုင်း က ပုလဲရတနာခန်းမတွင် ပြုလုပ်သည်။
လမ်းမတော်မြို့နယ် ဗဟိုအမျိုးသမီးဆေးရုံရှေ့ လမ်းဘေးဈေးသည်များ ကျန်းမာရေးပညာပေးလုပ်ငန်းများ ကွင်းဆင်ဆောင်ရွက်
Sep 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင် လမ်းဘေးဈေးသည်များအား ကျန်းမာရေးစစ်ဆေးမှုနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှု လွိုင်ကော်၌ ကျင်းပ
Sep 06,2025
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နေ ပြည်သူများသို့ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်က နောင်ယား(က) ရပ်ကွက် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ဓမ္မာရုံ၌ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေနွေး
Sep 06,2025
ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အမြန်လမ်းသရက်ဇုံမှ ခြံတာဝန်ခံများအား ကော်ဖီသီးနှံများစိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မောင်း‌ရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပသည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က ခွဲ (၅)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ
Sep 06,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.ကခွဲ(၅)တွင် ယနေ့နံနက်ပိုင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်း၊အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပခဲ့သည်။
သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာစာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်
Sep 06,2025
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် လူငယ်များ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် စက်တင်ဘာ  ၆ ရက်နေ့နံနက်ပိုင်းက ပေါ်တော်မူကျေးရွာရှိ “လူငယ်အလင်းရောင်” စာကြည့်တိုက်၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။