Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
ကွမ်းခြံကုန်းမြို့နယ်၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု ပြန်လည်ဖြစ်ပေါ်နေမှုကြောင့် ဈေးဝယ်သူ/ဈေးရောင်းသူများအား Mask တပ်ဆင် လာ ခြင်းမရှိသူများအား Mask များ အခမဲ့ဖြန့်ဝေပေးသည့် Mask Campaign လှုပ်ရှားမှုတစ်ရပ်ကို ကွမ်းခြံကုန်းမြို့ မြို့မဈေး၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှင်ဗွေယန်မြို့ ရပ်ကွက်(၃)အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်း စတင်ဖွင့်လှစ် ပညာသင်ကြားပေး
Jul 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ ရပ်ကွက်(၃) အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စတင်ဖွင့်လှစ် ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၉)ဦး အထိရှိလာ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာ (၉) ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကျိုက်မရောမြို့ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဧက (၃၀၀) စပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေး
Jul 06,2021
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃နာရီက ကျိုက်မရောမြို့နယ်၊လက်ပံကျေးရွာ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဧက (၃၀၀) စပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် ဇူလိုင် ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၁၂ ဦးထပ်မံ တိုးလာ၍ အတည်ပြုလူနာပေါင်း ၁၈၆ ဦးအထိ ရှိလာ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၆ရက်နေ့အထိကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိသူ (၁၇၄) ဦးရှိခဲ့ပြီး ဇူလိုင် ၆ရက်နေ့တွင် ၁၂ဦးထပ်မံစစ်ဆေးတွေ့ရှိသဖြင့် မြို့နယ်အတွင်း ဇူလိုင် ၆ ရက်နေ့အထိ ရောဂါပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာစုစုပေါင်း ၁၈၆ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ပေါင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက ကျေးရွာနေပြည်သူများ မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေး
Jul 06,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ဇူလိုင် ၆ ရက် ၊ ယနေ့ နံနက်ပိုင်းက ကျေးရွာလူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ကျေးရွာအရောက်ကွင်းဆင်းပြီး ကျေးလက်နေပြည်သူများထံ အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၃၃)ဦးအား RDT test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တစ်ဦး ထပ်မံတွေ့ရှိ
Jul 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ယမန်နေ့ ညနေပိုင်း (၄) နာရီ အချိန် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၃၃)ဦးအား RDT test kit ဖြင့် စစ်ဆေးခဲ့ရာ လဟယ်မြို့နယ် ဟွေကွန်ကျေးရွာနေ အသက်(၁၉)နှစ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၃၁)ဦးထိရှိလာ
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် လိပ်သိုမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၄-၇-၂၀၂၁) ရက်နေ့ထိ(၁၃၁)ဦးရှိပြီးဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28111
Page
28112
Page
28113
Page
28114
Current page
28115
Page
28116
Page
28117
Page
28118
Page
28119
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department