ကွမ်းခြံကုန်းမြို့နယ်၌ Mask တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

 

ကွမ်းခြံကုန်း ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု ပြန်လည်ဖြစ်ပေါ်နေမှုကြောင့် ဈေးဝယ်သူ/ဈေးရောင်းသူများအား Mask တပ်ဆင် လာ ခြင်းမရှိသူများအား Mask များ အခမဲ့ဖြန့်ဝေပေးသည့် Mask  Campaign   လှုပ်ရှားမှုတစ်ရပ်ကို ကွမ်းခြံကုန်းမြို့  မြို့မဈေး၌ ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ လာရောက်ဈေးဝယ်သူ ဈေးရောင်းသူများမြိုတွင်  သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလတွင် နေအိမ် ပြင်ပသို့ မဖြစ်မနေသွားလာပါက Mask   တပ်ဆင်သွားလာခြင်းမရှိသူအား   အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းကို ကွမ်းခြံကုန်းမြို့နယ်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့      ဒုတိယအင်ဂျင် နီယာမှူးကြီး   ဦးဝင်းမင်း၏  ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်အေးအေးယဉ်နှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။