ပြည်မြို့နယ်တွင် ဇူလိုင် ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာ ၁၂ ဦးထပ်မံ တိုးလာ၍ အတည်ပြုလူနာပေါင်း ၁၈၆ ဦးအထိ ရှိလာ

 

 

ပြည် ဇူလိုင် ၆

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၆ရက်နေ့အထိကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိသူ (၁၇၄) ဦးရှိခဲ့ပြီး ဇူလိုင် ၆ရက်နေ့တွင် ၁၂ဦးထပ်မံစစ်ဆေးတွေ့ရှိသဖြင့် မြို့နယ်အတွင်း ဇူလိုင် ၆ ရက်နေ့အထိ ရောဂါပိုးစစ်ဆေးတွေ့ရှိအတည်ပြုလူနာ‌စုစုပေါင်း ၁၈၆ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ပေါင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

ဇူလိုင် ၆ ရက်နေ့ နံနက် ၁၀နာရီတွင် ပြည်မြို့ ခုတင်၅၀၀ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသူ အနံ့ပျောက်( ၁၄ ) ဦးအနက်( ၄)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အလားတူ ယင်းနေ့နံနက် ၁၁ နာရီတွင် ပြည်မြို့သူနာပြုသင်တန်းကျောင်း Facility Quarantine Center နှင့် Hotel Quarantine များတွင် အသွားအလာကန့်သတ်ထားရှိသူ (၇၃)ဦးအား RDTဖြင့်စစ်ဆေးခဲ့ရာ (၈ )ဦး ရောဂါပိုးတွေ့ရှိသဖြင့် ပြည်မြို့နယ်တွင် ဇူလိုင်၅ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၁၂)ဦးတိုးလာပြီး အတည်ပြုလူနာစုစုပေါင်း (၁၈၆) ဦးအထိ ရှိလာပြီဖြစ်ကြောင်းနှင့် အတည်ပြုလူနာ များကို ပြည်မြို့ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးကုသဆောင်ရွက်ပေးလျက်ရှိပြီး Facility Quarantine Center နှင့် Hotel Quarantine များ၌ အသွားအလာကန့်သတ်ထားရှိသူများကိုလည်း စောင့်ကြည့်စစ်ဆေးမှုများ‌ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။

 

ကိုဆက်

 

                    

                   

                           09-427427760