ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၃၁)ဦးထိရှိလာ

ဘားအံ ဇူလိုင် ၆

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်းရှိ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့် လိပ်သိုမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၄-၇-၂၀၂၁) ရက်နေ့ထိ(၁၃၁)ဦးရှိပြီးဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှသိရှိရသည်။

ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်နှင့်လိပ်သိုမြို့တို့တွင် ကိုဗစ်-၁၉ရောဂါ လက္ခဏာပြသူများ၊ အနံမရသူများကို သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ Positive လူနာများအား ဘားအံပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ တောင်ကလေးစစ်ဆေးရုံ၊ တန် ၉၀၀ ကျန်းမာရေးဆေးပေးခန်း (သီးသန့်ခန်း)၊ လှိုင်းဘွဲပြည်သူ့ဆေးရုံနှင့် လိပ်သိုမြို့ ပြည်သူ ဆေးရုံတို့တွင် ဆေးကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ(၁၃၁) ဦးထဲမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ (၅)ဦးရှိပြီး (၁၂၆)ဦးမှာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။