လဟယ် ဇူလိုင် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ယမန်နေ့ ညနေပိုင်း (၄) နာရီ အချိန် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ (၃၃)ဦးအား RDT test kit ဖြင့် စစ်ဆေးခဲ့ရာ လဟယ်မြို့နယ် ဟွေကွန်ကျေးရွာနေ အသက်(၁၉)နှစ် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့သူ၏ ခရီးသွားရာဇ၀င်ကို စစ်ဆေးခဲ့ရာ လဟယ်မြို့နယ် ဟွေကွန်ကျေးရွာ နေသူဖြစ်ပြီး ဟွေကွန်ကျေးရွာမှ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ ဦးဖြိုး၀င်းနှင့် ဒေါ်ဖန်းနေအိမ်၌ (၂)ပတ်ခန့် တည်းခို နေထိုင်ခဲ့ပြီး (၅-၇-၂၀၂၁)ရက်နေ့တွင် ဆိုင်ကယ်ကယ်ရီဖြင့် လဟယ်မြို့သို့ ပြန်လည် ရောက်ရှိလာသည့် အတွက် လဟယ်မြို့ အားကစားခန်းမ Quarantine centerတွင် နှာခေါင်းတို့ဖတ် ရယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် လဟယ်ပြည်သူ့ဆေးရုံ သီးခြားဆောင်၌ ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိပါသည်။
၎င်းအား ဆိုင်ကယ်ကယ်ရီ မောင်းနှင်လိုက်ပို့သူမှာ ဆင်သေကျေးရွာသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။ လဟယ်မြို့တွင် ဇူလိုင် လ(၁)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄)ဦး အထိရှိကြောင်း သိရသည်။
ရှားဆက်(လဟယ်)