မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကျိုက်မ​ရောမြို့ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ​ကျေးရွာ ဧက (၃၀၀) စပါးစိုက်ခင်းအား ကြည့်ရှုစစ်​ဆေး

ကျိုက်မ​​ရော ဇူလိုင် ၆

 

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃နာရီက ကျိုက်မ​ရောမြို့နယ်၊လက်ပံကျေးရွာ ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြ​ကျေးရွာ ဧက (၃၀၀) စပါးစိုက်ခင်းအား ကြည့်ရှုစစ်​ဆေးခဲ့သည်။

 

အဆိုပါ ကျိုက်မ​ရောမြို့နယ်၊ လက်ပံ​ကျေးရွာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြ​ကျေးရွာ ဧက (၃၀၀) စပါးစိုက်ခင်းတွင်  တောင်သူ​( ၉၂) ဦး တို့က  လျာထားစိုက်ဧက (၃၀၀) ဧကမှမိုးစပါး စိုက်ပျိုးဧက (၂၄၇) ဧက၊   စိုက်ပျိုးရန်ကျန်ဧက   (၅၃) ဧက ရှိပြီး မိုးစပါးအပြီးတွင်      ပဲတီစိမ်း၊ ဆီထွက် (​ဆောင်း​မြေပဲ)၊ မတ်ပဲ၊ ဘိုကိတ်၊ ပဲလွန်းတို့ကို      စိုက်ပျိုးသွားမည်ဖြစ်သည်။   ထို့​နောက် 

 မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်  တောင်သူများနှင့်တွေ့ဆုံ၍   သီးနှံများစိုက်ပျိုးရာ တွင်  အရည်အသွေးပြည့်မီပြီး  မိသားစုဝင်ငွေပိုမိုရရှိရေးနှင့်  သီးနှံအထွက်နှုန်း ကောင်မွန်စေရေးတို့ အတွက် အလေးထားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)