သံတွဲ ဇူလိုင် ၅
သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းဦးဆောင်သည့် အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သံတွဲခရိုင် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့သူ (၂၈) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁) ဦး စုစုပေါင်း ၂၉ ဦးတို့အား စစ်ဆေးရာ (၁၅) ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူနာများကို ငပလီဆေးရုံတွင် ဦးထားရှိကာ ဆေးကုသမှုပေးလျက်ရှိပြီး အားလုံးသူမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ သံတွဲမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ ၆၀ ဦးအထိ ရှိပြီး ၅ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။