တိုင်းစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးမျိုးဆွေဝင်း ယနေ့နံနက်(၁၀)နာရီအချိန်က ဟံသာဝတီရပ်ကွက်၊ မြို့တော်ခန်းမ၌ ပရဟိတ လူငယ်အဖွဲ့များတွေ့ဆုံပွဲ အခမ်အနား ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားဖွင့်ပွဲတွင် တိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ က အဖွဲ့အမှာစကား ပြောကြားရာ၌ ကိုဗစ်၁၉ရောဂါဖြစ်ပွားအချိန်တွင် အဘက်ဘက်မှ အကူအညီပေးနေသော ပရဟိတလူငယ်များအား အထူးကျေးဇူး တင်ပါကြောင်း၊ လိုအပ်သည့် အကူအညီများပြောကြားနိုင်ပါကြောင်း၊ ရောဂါဖြစ်ပွားနေသည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း သိရသည်။ ထိုနောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စ ဥက္ကဋ္ဌ က တက်ရောက်လာသည့် ပရဟိတ လူငယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ထောက်ပံ့ငွေနှင့် ကျန်းမာရေးပစ္စည်းများ ပေးအပ်ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက် ကြောင်း သိရသည်။

မျိုးငြိမ်း