ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်စက် ၀ယ်ယူရန်အလှူငွေများ လှူဒါန်း

ပင်လောင်း ဇူလိုင် ၂၄
 
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သော အောက်ဆီဂျင်စက်ဝယ်ယူရန် အလှူငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
 
အောက်ဆီဂျင်စက် ဝယ်ယူနိုင်ရန်အတွက် ပင်လောင်းမြို့ မင်္ဂလာကွက် သစ်ရပ်ကွက် ဦးအောင်သိန်း+ ဒေါ်နန်းဒွတ် မိသားစုမှ ငွေကျပ် ငါးသိန်း၊ ပင်လောင်းမြို့ အရှေ့ရပ်ကွက် ဦးစိုင်းမောင်ငယ်+ ဒေါ်နန်းရွှေကြာ မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ ဘန်းဖယ်ရပ်ကွက် ဒေါ်ကြည်ညွန့်၊ ဒေါ်ခင်စိုးယု မိသားစုမှ ငွေကျပ် ၁၁၀၀၀ဝိ/-၊ ပင်လောင်းမြို့စျေးတန်းရပ်ကွက် ဦးအောင်ကျော်ဦး+ ဒေါ်ချယ်ရီစိုး မိသားစု ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ အနောက်ရပ်ကွက် ဦးစိုင်းမျိုးမြင့်အောင်+ ဒေါ်နန်းမချော မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ အနောက်ရပ်ကွက် ဦးစိုင်းလင်းလင်းထိုက်+ ဒေါ်နန်းဝါဝါစိုး မိသားစု (အေးချမ်း မိတ္တူဆိုင်)မှ ငွေကျပ် တစ်သိန်းနှင့် မျက်နှာကာ(၁၀၀)ခု၊ ပင်လောင်းမြို့အနောက်ရပ်ကွက်မှ ဒေါ်နန်းတွံ မိသားစုမှ ငွေကျပ် ၅၀၀၀ဝိ/-၊ ပင်လောင်းမြို့စျေး တန်းရပ်ကွက် ဦးအောင်ကျော်ဦး+ ဒေါ်ချယ်ရီစိုးမိသားစုမှ ငွေကျပ် တစ်သိန်းတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းကြကြောင်း သိရသည်။