ရန်ကင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ် မည့်နေရာအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး လာရောက် ကြည့်ရှု

ရန်ကင်း ဇူလိုင် ၂၄
 
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက် ရှိ ရန်ကင်း ပညာရေးဒီဂရီကောလိပ်ကျောင်းဝင်းသို့ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ဖွင့်လှစ်မည့်နေရာအား ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်တို့မှ ယနေ့ နံနက် ၈ နာရီက လာရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ကုသရေးစင်တာ ဖွင့်လှစ်ပြီး ပိုးတွေ့လူနာများ အား အမြန်ဆုံး ထားရှိနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ ဆောင်ရွက် ရာတွင်လည်း ပရဟိတအဖွဲ့များ၊ ပြည်သူများ ပူးပေါင်းပါဝင် လာစေရေး စည်းရုံးဆောင်ရွက်ရန်၊ လိုအပ်သည့် ဆေးဝါးများ ဝယ်ယူနိုင်စေ ရေးအတွက် လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်၊ အရေးပေါ် လိုအပ်နေသည့် Oxygen လိုအပ်နေသော ပြည်သူများအား ထောက်ပံ့နိုင် ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများ ပူးပေါင်းဖွဲ့စည်းထားသော မြို့နယ် အောက်ဆီဂျင် ထောက်ပံ့ရေးအဖွဲ့များက (MobileTeam)ဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရေးနှင့် လိုအပ်သည်များ မှားကြားခဲ့ကြောင်း သိရသည်။