နွားထိုးကြီး ဇူလိုင် ၂၄
နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီက သစ်တောဦးစီးဌာနမှ ၂၀၂၁နှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။
မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်မင်းလွင်မှ သစ်ပင်စိုက်ပျိုးနည်းကိုရှင်းလင်းပြီး သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိန်းရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ဖြစ်ကြောင်း ကျောင်းသား၊ကျောင်းသူများအတွက် အရိပ်ရစေခြင်း စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန် ဖြစ်ထွန်းစေရေး၊ ပြုန်းတီးမှုမရှိစေရန် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
နွားထိုးကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဌဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စိမ်းစို၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ရတနာ တန်းဝင်ကျွန်း (၅၀)ပင်၊ မယ်ဇလီ(၅၀)ပင်၊ စိန်ပန်း(၅၀)ပင်၊ ယင်းမာ(၅၀)ပင်၊ တမာ(၅၀)ပင်၊ ကုက္ကို(၅၀)ပင် စုစုပေါင်း (၃၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်