ကြို့ပင်ကေက် ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချူပ်နိုင်ရန်အတွက် ပြည်သူများအား Mask များစနစ်တကျ တပ်ဆင် သွားလာရေးနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ပြည်သူများအသိပညာပေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကြို့ပင်ကောက်မြို့မဈေး စည်ပင်သာယာရှေနှင့် မြို့နယ်ခန်းမရှေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ Mask များ အခမဲ့ဖြန့်ဝေခြင်း ဈေး၀ယ်ရန် လာရောက်ကြသည့်ပြည်သူများအား Mask များ စနစ်တကျ တပ်ဆင်ကြရန်နှင့် ဌာနမှထုတ်ပြန်ထားသော အသိပညာပေးကြေညာချက်များဖြင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားနေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချူပ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် ကြော်ငြာစာပါအချက်( ၁၁ )ချက်ကို ဖတ်ကြား၍ အသိပညာပေးခြင်း၊ Covid -19 ရောဂါကာကွယ်ဆေးထိုးကြရန်နှင့်ဆေးလိပ်သောက်ခြင်းနှင့်ကိုဗစ်ဟာ အန္တရာယ် ရှိတဲ့ပေါင်းစပ်မှုတစ်ခုပါ၊ အန္တရာယ်ရှိသည့် ဆေးလိပ်သောက်ခြင်းကိုရှောင်ကျဉ်ပြီး မိမိ မိသားစု၏ကျန်းမာရေး မိမိပတ်၀န်းကျင်၏ ကျန်းမာရေးကို မိမိကအစကာကွယ်ရန် အသိပညာပေး နှိုးဆော်ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းလေး (ပြန်/ဆက်)