|
|
||||
|
|
||||
တောင်ငူ ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နံပါတ်(၁) လမ်း ၊ ထောင်လမ်း ၊ နံပါတ် (၅) လမ်း ၊ တပင်ရွှေထီးလမ်း ၊ ဘုရားလမ်းတို့၌ လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက် ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများမှလွဲ၍ အပြင်ထွက်သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်း စည်း (Mask) များစနစ်တကျတပ်ဆင် သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာ ကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန် ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူ များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အချိန်ရက်နှင့်ထိုးနှံ ပေးမည့်နေရာများအား သိရှိနိုင်ရေး အသိပေးတိုက်တွန်း နှိုးဆော်ချက်များကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဇော်ထက်