ရွှေကူ ဩဂုတ် ၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ မြို့တော်ခန်းမတွင် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဩဂုတ် ၅ ရက် နံနက် ၉ နာရီက အသက် (၆၅) နှစ်နှင့်အထက်ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုင်းထွန်းကကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ရွှေကူမြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်း၊ ဗိုလ်မှူးကျော်မိုးသွင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအဖွဲ့များက ပြည်သူများအဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေးပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
(၃၁-၇-၂၀၂၁)ရက်နေ့မှ(၃-၈-၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အလုံးရေ (၄၀၀)ကို ထိုးပေးခဲ့ပြီးနောက် ယနေ့တွင် ၅ ရက်မြောက်အဖြစ် ဒုတိယအသုတ် လက်ခံရရှိသော ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) ဆက်လက် ထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး ပေးရာတွင် ဆေးတစ်လုံး လျှင် (၂) ဦးနှုန်းဖြင့် ဆေးအလုံးရေ (၄၀၀) အား ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ဦးစားပေးအုပ်စုအလိုက်ကာကွယ်ဆေးထိုးနှံ ခြင်းလုပ်ငန်းကိုဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)