ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို (၄)နေရာခွဲ၍ ထိုးနှံပေး

ပုလော  သြဂုတ်  ၅

ပုလောမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ နိုင်ငံ၀န်ထမ်းများ၊ Volunteer ၊ ကျန်းမာရေး ၀န်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ် SinoPharm (၅) ရက်မြောက်နေ့ကို ယနေ့ နံနက် (၉)နာရီခွဲက လက္ကူး ကျေးရွာ အထက(ခွဲ) ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇) အုပ်စုရှိပြီး၊ မိုးများသည့် ဒေသဖြစ်သည်နှင့်အညီ အဆိုပါကျေးရွာများမှ အသက်(၆၅)နှစ်နှင့်အထက် အဘိုး၊အဘွားများ သွားလာရ လွယ်ကူစေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများသို့ ကွင်းဆင်းပြီး ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး SinoPharm ကို ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။

အလားတူ ယနေ့ နံနက် ၉ နာရီအချိန်၌ ပုလောမြို့နယ်၊ ပုလောကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ပလမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် လည်းကောင်း၊ ခန္တီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း အဖွဲ့များခွဲ၍ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး SinoPharm ကို ထိုးနှံပေးလျက် ရှိကြောင်း သိရပါသည်။

အေးအေးမော်