သတင်းများ

မိုင်းရှူးမြို့နယ်အတွက် ခွဲဝေရရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အားလုံးထိုးနှံပေးပြီးဖြစ်
Aug 08,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ပြီးယမန်နေ့ဩဂုတ် လ ၆ရက် နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိထားသော (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအားလုံးကို အပြီးသတ် ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။
ပန်ဆိုင်းကြူကုတ်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး များထိုးနှံပေး
Aug 08,2021
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ အသက်(၆၅)နှစ် အထက် သက်ကြီး ဘိုးဘွားများကို ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ယနေ့နံနက်၉နာရီက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး
Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅)နှစ် အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိရာ (၈၆၂)ဦး ကို ကာကွယ်ဆေး ထိုးနှံခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ဟားခါး၊ ထန်တလန်နှင့် မတူပီမြို့နယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (၂၅၆၅) ပုလင်း ဟားခါးမြို့သို့ ရောက်ရှိ
Aug 08,2021
ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နှင့် မတူပီမြို့နယ်များအတွက် ပေးပို့လာ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ( ၂၅၆၅ ) ပုလင်းကို ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ဟားခါးမြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် Oxygen Plan စက်ရုံတည်ဆောက်ရန်အတွက် အောက်ဆီဂျင်စက် ပစ္စည်းကိရိယာများရောက်ရှိ
Aug 08,2021
တောင်သာ ဩဂုတ် ၈ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုမြင့်တက်လျက် ရှိသောကြောင့် ပြည်သူများအားစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေး OxygenPlan စက
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း Myanmar New Hope Farms Co., Ltd ၏ တိရစ္ဆာန် မွေးမြူရေး အစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှု
Aug 07,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေတွင် တည်ဆောက်ထားသည့် Myanmar New Hope Farms Co., Ltd ၏ တိရစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နမ့်စန်မြို့နယ် အောက်ဆီဂျင်စက်ရုံသို့ လာရောက်ကြည့်ရှု၍ အောက်ဆီဂျင်အိုးများပေးအပ်လှူဒါန်း
Aug 07,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် နမ့်စန်မြို့တွင် အောက်စီဂျင်စက်ရုံ စတင်လည်ပတ် ဖြန့်ဖြူးနေမှုအခြေအနေ များကို ယနေ့နေ့လည် ၁၂ နာရီခွဲက လာရောက်ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ထိရောက်စွာဆောင်ရွက် ကျား(၁၅)ဦး၊ မ(၃)ဦးအား အမှုဖွင့်အရေးယူ
Aug 07,2021
လတ်တလော ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းကြောင့် ညောင်ရွှေမြို့နယ်အား နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သက်ဆိုင်ရာမှ အသိပေးကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ရာ ယခုအခါပညာ ပေးကာလ ပြီးဆုံးပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား အပြည့်အဝလိုက်နာခြင်းရှိမရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီကဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။