ပန်ဆိုင်းကြူကုတ်မြို့၌ အသက်(၆၅)နှစ်နှင့်အထက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး များထိုးနှံပေး

ပန်ဆိုင်း(ကြူကုတ်)      သြဂုတ်   ၈

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ အသက်(၆၅)နှစ် အထက် သက်ကြီး ဘိုးဘွားများကို ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ပန်ဆိုင်း(ကြူကုတ်)မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ ယနေ့နံနက်၉နာရီက ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ဒုတိယအသုတ်ရောက်ရှိလာသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(sinopharm) အလုံးရေ (၁၅၀)ကို မြို့အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနအုပ်ချူပ်ရေးမှူး ဦးစိုင်းနော်မိန်းနှင့်မြို့ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သူနာပြုဆရာမဒေါ်နန်းမိုမိုဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ပန်ဆိုင်းမြို့အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများအစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ (volunteer)ပရဟိတအဖွဲ့ဝင်များ အုပ်စု(၃)စုခွဲ၍ ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း များစနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း စနစ်တကျမှတ်တမ်းတင် ရေးသွင်းခြင်း များ ပြုလုပ်ပြီး ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည်။

အဆိုပါ ဆေးထိုးနှံခြင်းကို မြို့နယ်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချူပ်ရေးကော်မတီဝင်များ၊ မြို့နယ် စီမံ အုပ်ချူပ်ရေးအဖွဲ့ဝင်များ၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များကြက်ခြေနီအဖွဲ့ဝင်များကပါဝင်ကူညီ ဆောင်ရွက် ပေး လျက်ရှိပြီး ယနေ့တွင်သက်ကြီးဘိုးဘွားများ (၁၄၂)ဦးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မဖြူ