သတင်းများ

ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Aug 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ဩဂုတ်လ ၇ ရက် နံနက်၈ နာရီက ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုး ( ၁၅ ) ဦး တွေ့ရှိ
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ဟိုင်းကြီး၊ ပြင်ခရိုင်၊ ကျုံကူးတိုက်နယ်ဆေးရုံ များတွင် ဖျားနာ၍ အနံ့ မရရှိသူများအား ယနေ့ န့နက်တွင် RDT ဖြင့် စစ်ဆေးခဲ့ရာ စုစုပေါင်း ၁၅  ဦး  ကိုဗစ် ၁၉ ရောဂါ ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
လဟယ်မြို့တွင် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းသို့ ဆန်၊ဆီ၊ပဲများ ထောက်ပံ့လှူဒါန်း
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် လဟယ်မြို့ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့အတွက် ဆန်၊ဆီ၊ပဲထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီအချိန် အဆိုပါကျောင်းများတွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယနေ့ဆက်လက်ထိုးနှံပေး
Aug 07,2021
စစ်ကိုင်းတိုင်း‌‌ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဒီပဲယင်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒီပဲယင်းမြို့အခြေခံပညာအထက် တန်းကျောင်း ရွှေဝါမြေခန်းမတွင် ဩဂုတ် ၇ရက်နံနက် ၈ နာရီမှ နေလည် ၁ နာရီထိ တတိယနေ့ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ချောင်းသာမြို့ရှိ ဆေးခန်းနှင့် ဆေးအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခြင်း
Aug 07,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချလျှက်ရှိသော စျေးဆိုင် များကို ယနေ့နံနက် (၉) နာရီအချိန်တွင် တာဝန်ရှိသူ လူကြီးမင်းများက လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။
ရေကြည်မြို့နယ်တွင်ဆေးဆိုင်များဖွင့်လှစ်မှုရှိ/မရှိနှင့် ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အခြေခံဆေးဝါးများလုံလောက်မှုရှိ/မရှိလိုက်လံစစ်ဆေး
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်များအရမြို့နယ်အတွင်းရှိ ဆေးဆိုင်များ နေ့စဉ် ဖွင့်လှစ်မှုရှိ/မရှိ၊ ကိုဗစ်ရောဂါနှင့်ပတ်သက်သည့် အခြေခံဆေးဝါးများ လုံလောက်မှု ရှိ/မရှိ၊ သောက်သုံးရန်မသင့်သည့် ဆေးဝါးများ ရောင်းချခြင်းရှိမရှိ နှင့် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်း ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးမျိုးမြင့်အောင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကံညွှန့် ၊မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသူကျော် ၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မြို့မစျေးအတွင်းရှိဆေးဆိုင်များအားလိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ငပလီမြို့ရှိ အသက်(၆၀) နှစ်နှင့်အထက်အဘိုးအဘွား များအား ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) ပထမအကြိမ်ထိုးနှံ
Aug 07,2021
သံတွဲခရိုင် ၊ ငပလီမြို့၌ အသက် (၆၀)နှစ်နှင့်အထက် အဘိုးအဘွားအား တရုတ်ပြည် သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ငပလီမြို့ ၊ အမက(မူလွန်) ကျောင်းတွင် နံနက် (၁၀) နာရီက စတင်ထိုးနှံပေး လျက်ရှိ ကြောင်းသိရသည်။