တောင်သာ ဩဂုတ် ၈
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုမြင့်တက်လျက် ရှိသောကြောင့် ပြည်သူများအားစောင့်ရှောက်မှုပေးရာတွင် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေး OxygenPlan စက်ရုံအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် တောင်သာ ဘိုးဘွားရိပ်သာ၊အမှတ်(၆)ရပ်ကွက်တွင် အောက်ဆီဂျင်စက်ပစ္စည်း ကိရိယာများရောက် ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ Oxygen Plan စက်ရုံတည်ဆောက်ပြီးပါက ကိုဗစ်-၁၉ ရောဂါကုသနိုင်ရေးအတွက်
တစ်နေ့လျင်အောက်ဆီဂျင်အရည်(၄၀)လီတာဆံ့၊အိုးအလုံးပေါင်း(၈၀)ကျော်ထွက်ရှိပြီးပြည်သူများအား အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပြီးOxygen Plan စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ပစ္စည်းကိရိယာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်စီမံ အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဟန်သူရ၊အဖွဲ့ဝင်ဗိုလ် မှူးအောင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရန်နိုင်စိုး မြို့နယ်စက်ရုံတည်ဆောက်ရေးကော်မတီနှင့်အဖွဲ့
ဝင်များ၊မြို့နယ် ကျန်မာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများကကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
Oxygen Plan စက်ရုံအမြန်တည်ဆောက်နိုင်ရေးအတွက်အလှူရှင်များဖြစ်ကြသော ပန်းဆေး ဒေသပြည်သူစစ်အဖွဲ့ခေါင်းဆောင် ဦးဉာဏ်လင်းဦးမ ှငွေကျပ်သိန်း(၅၀၀)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဗိုလ်ချုပ် နိုင်နိုင်ဦးမှငွေကျပ်သိန်း(၂၀၀)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးမှငွေကျပ်သိန်း (၁၀၀)၊ ဒေသခံပြည်သူများမှ စုပေါင်းလှူဒါန်းငွေကျပ်သိန်း (၅၅၀)၊စုစုပေါင်းငွေကျပ်သိန်း(၁၃၅၀)ကိုလှူဒါန်းရရှိခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)