မိုင်းရှူး ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဇူလိုင်လ ၃၁ ရက်နေ့ မှ စတင်ထိုးနှံပေးခဲ့ပြီးယမန်နေ့ဩဂုတ် လ ၆ရက် နေ့တွင် မြို့နယ်အတွက် ခွဲတမ်းရရှိထားသော (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအားလုံးကို အပြီးသတ် ထိုးနှံ ပေးနိုင်ခဲ့ပြီဖြစ်သည်။
မိုင်းရှူးမြို့နယ်အတွင်း ယခုထိုးနှံပေးခဲ့သည့် (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အရေအတွက် မှာ (၉၉၅) လုံးဖြစ်ပြီး ပထမ ဦးစားပေးအဆင့် တွင်ပါဝင် သည့်ပုဂ္ဂိုလ်ပေါင်း(၁၉၉၀) ဦးကိုအပြီးသတ် ထိုးနှံပေး နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်အတွက်ကာကွယ် ဆေးများထပ်မံရရှိလာပါက ဆက်လက် ထိုးနှံပေး သွားမည့် အစီအစဉ်များကို ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်