သတင်းများ

မုဒုံမြို့နယ် ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကျင်းပ
Aug 14,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန် အတွက် အဆောက်အဦ အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားကို    သြဂုတ်လ (၁၃) ရက်နေ့ နံနက် ( ၁၀)နာရီက  ကမာဝက်မြို့ တိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၂၇၀)စုအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်း
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု (၂၇၀)စုတို့အား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့မရပ်ကွက် အုပ်ချုပ်ရေးရုံးရှေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးသီးနှံဧကများအတွက် ဆဋ္ဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် နတ်မောက်မြို့နယ် အတွင်းရှိ ၂၀၂၀ ပြည့်နှစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စပါး၊ နှမ်း၊ မြေပဲ၊ နွားစာပြောင်းများအနက် မိုးနှမ်း (၁၀၀၂၀.၂၈) ဧကနှင့် မြေပဲ (၇၂.၂၁)ဧက၊ စုစုပေါင်းဧက (၂၂၀၀၄.၅၅) ဧကအတွက် တောင်သူဦးရေ (၅၉၁၁)ဦးအား ဆဌမအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နေ့လည် (၁)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်မှု ၆၀ ရာခိုင်နှုန်းပြီးစီး
Aug 14,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့မိမြို့ဖများ၊ ပရဟိအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် အောက်ဆီဂျင် စက်ရုံတည်ဆောက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းအောက်ဆီဂျင်စက်မှာ 30 M.3/hr Oxygen Generation Plant အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးရေ (၅) လုံးထွက်ရှိမည်ဖြစ်သည်။
ကိုဗစ်-၁၉နှင့်ပတ်သက်၍ လူစုလူဝေးမဖြစ်ပေါ်စေရေးစစ်ဆေးခြင်းဆောင်ရွက်
Aug 14,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကြောင့် ကူးစက်ပျံ့နှံ့မှုနှုန်း လျောနည်းကျဆင်းစေရေးနှင့်  လူစုလူဝေးမဖြစ်ပေါ်စေရေးတို့အတွက်   စစ်ဆေးဆောင်ရွက်ခြင်းကို ဩဂုတ် ၁၃ ရက် ညနေပိုင်းက ဘိုကုန်းရပ်ကွက် ကမ်းနားလမ်းတစ်လျှောက် လမ်းသွား/လမ်းလာ ပြည်သူများ   ယာဉ်များအား ရပ်တန့်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ယုဦးဆောင်ပြီး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းစစ်ဆေးသည်။
မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းမှ လိုအပ်သောအောက်ဆီဂျင်များအား အခမဲ့ဖြည့်တင်းပေးလျက်ရှိ
Aug 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် အောက်ဆီဂျင်လုံလောက်စွာထုတ်လုပ်ရရှိ နိုင်ရေး၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးနှင့် ပိုးတွေ့လူနာများအား အမြန်ဆုံးကုစားပေးနိုင် ရန်အတွက် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံမှ မြို့နယ်ပြည်သူ့ဆေးရုံများ၌ အရေးပေါ် အောက်ဆီဂျင်လိုအပ်ပါက နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအသင်းမှ လိုအပ်သော အောက်ဆီဂျင်များအား နေ့စဉ်အချိန်မှီဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ အဆင့်မြှင့်တင်ဆောင်ရွက် နေသည့် လမ်းများအားကြည့်ရှု့စစ်ဆေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပဲခူးမြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက ပဲခူးမြို့တွင်းလမ်း များ အဆင့်မြှင့်တင် ဆောင်ရွက် နေမှု များအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ကိုဗစ်-၁၉ပတ်သက်၍ အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 14,2021
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကိုလျင်မြန်ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို  ယနေ့နံနက် ၁၀နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး   ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ ဇေယျာသီရိရပ်ကွက်လမ်းမကြီး၊ လမ်းဆုံ/လမ်းခွနှင့် လူအဝင်အထွက်များသည့်နေရာတို့၌ အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသည်။