သတင်းများ

သံတွဲမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်
Aug 14,2021
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ညနေပိုင်း က မြို့အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး နေမှုအား ကြည့်ရှုပြီး ကာကွယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဩဂုတ်(၁၃)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကနီမြို့ပေါ်ရှိ  ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြား
ပျော်ဘွယ်မြို့နယ်တွင် လူဦးရေ ၅၆၆၆ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး
Aug 14,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများ ကို ကာကွယ်ဆေးထိုးနှံခြင်းအား ဇူလိုင်လ(၃၁)ရက်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိပြီး ဩဂုတ်လ(၁၄)ရက် နေ့ အထိ သတ်မှတ်စုရပ်(၄)နေရာတွင် ဦးစားပေးအစီအစဉ်အလိုက်ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်အထိ လူဦးရေ(၅၆၆၆)ဦး အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် က ခရိုင်စုပေါင်းရုံးခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၌ အောက်စီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 14,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ အောက်စီဂျင်စက်ရုံ Ling Hein Ls-30 အမျိုးအစား စက်ရုံအား တောင်သာမြို့ အမှတ်(၆)ရပ်ကွက် ဘိုးဘွားရိပ်သာ၌ ယနေ့နံနက်(၉) နာရီခွဲ အချိန်က အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၇၆၈)ဦးနှင့် သေဆုံးသူ(၃၁)ဦးထိရှိလာ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့  သြဂုတ်(၁၃)ရက်နေ့ နံနက် (၁၁)နာရီ အချိန်ခန့်က လာရောက်စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉  အတည်ပြုလူနာ(၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၇၆၈)ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Aug 14,2021
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။