နတ်မောက်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်မှု ၆၀ ရာခိုင်နှုန်းပြီးစီး

နတ်မောက်  သြဂုတ် ၁၄      

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့မိမြို့ဖများ၊ ပရဟိအဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် အောက်ဆီဂျင် စက်ရုံတည်ဆောက်လျက်ရှိရာ  ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းအောက်ဆီဂျင်စက်မှာ  30 M.3/hr Oxygen Generation Plant အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် (၄၀) လီတာဆံ့ အောက်ဆီဂျင်အိုး အလုံးရေ (၅) လုံးထွက်ရှိမည်ဖြစ်သည်။

အဆိုပါအောက်ဆီဂျင်စက်ရုံကို ရပ်ဝေးရပ်နီးမှအလှူရှင်များမှ လှူဒါန်းကာ စက်တန်ဘိုးအနေဖြင့် သိန်း (၉၀၀) ကျော် ကုန်ကျမည်ဖြစ်ကြောင်း၊ လိုအပ်နေသော စက်ရုံတည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မြို့မိမြို့ဖများနှင့် ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက်  ခန့်မှန်းကုန်ကျငွေမှာ ငွေကျပ်သိန်း (၁၅၀၀) ကျော်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ အောက်ဆီဂျင်စက်ရုံ တည်ဆောက်သည့် နေရာမှာ ဘုရားကြီးကျောင်းတိုက် ရှစ်မျက်နှာဘုရားဝန်းအတွင်းတွင်  တည်ဆောက်လျက်ရှိပြီး အရှည် ၃၀ ပေ အနံ ၆ ပေ တစ်ထပ်အဆောက်အဦးအား မြန်ဆန်ကောင်းမွန်စွာ ပြီးစီးနိုင်ရေးအတွက် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီမှ ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မူမူစန်း