ကိုဗစ်-၁၉ပတ်သက်၍ အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

မော်လမြိုင်     ဩဂုတ်    ၁၄ 

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကိုလျင်မြန်ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို  ယနေ့နံနက် ၁၀နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး   ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများပူးပေါင်း၍ ဇေယျာသီရိရပ်ကွက်လမ်းမကြီး၊ လမ်းဆုံ/လမ်းခွနှင့် လူအဝင်အထွက်များသည့်နေရာတို့၌ အသံချဲ့စက်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  မော်လမြိုင်မြို့နယ်အတွင်း  ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီဌာန၏အသိပေးညွှန်ကြားချက်များအတိုင်း နေအိမ်ပြင်ပထွက်ခွာပါက  ပါးစပ်၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာ  (Face Shield) ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန် စသည့်ကာကွယ်ရေးလမ်းညွှန်ချက်များကိုတိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်သူများအားလုံး   ပူးပေါင်းပါဝင်ပေးကြပါရန် အသိပညာပေးခြင်းကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)